ရပ်စောက်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ရပ်စောက် မေ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို မေလ ၂၁ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းဦးရေ (၂၃၀၀) ကျော်ရှိကြောင်းနှင့် ပင်စင်စားများ အဆင်ပြေစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ လစဉ် ၂၁ ရက်နေ့မှ လကုန်ရက်နေ့များအထိ နေ့စဉ်ဘဏ်ပိတ်ရက်မှအပ ဘဏ်ဖွင့်ရက်များတွင် နေ့စဉ် ၈ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း ထုတ်ပေးလျက်ရှိကြောင်းနှင့် ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ လစာငွေများကိုလည်း ဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်း ရပ်စောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးထံ ကသိရသည်။

မြို့နယ်ပြန်/ဆက်