မိုင်းနောင် မေ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက အဖွင့်အမှာစကားပြောကြား၍ကျောင်း အကျိုးတော်ဆောင် တစ်ဦးက ကျောင်းသား၊ ကျောင်းသူများ စာသင်ကျောင်းသို့ အချိန်မီ ရောက်ရှိအပ်နှံရေး ဆရာ၊ မိဘ၊ ကျောင်းသား သုံးနားညီ ပူးပေါင်းကာ မိမိတို့ ရင်သွေးငယ်များ၏ ပညာရေးကဏ္ဍကို ပံ့ပိုးပေးစေလိုကြောင်း အကြံပြုပြောကြားကာ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနား တက်ရောက်လာသော ဧည့်သည်တော်များက ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်မှ (အခမဲ့)ထောက်ပံ့ပေးသော ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)