လဲချားတွင်မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

လဲချား မေ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က (လဲချား)ခန်းမတွင် ကျင်းပခဲ့ပါသည်။

 အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး(တာဝန်ခံ)မှ ပညာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 ထို့နောက်( ၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သောပစ္စည်းများကို ပေးအပ်ခဲ့ပြီး ကျောင်းအပ်နှံရေးသီတင်းပတ် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ‌ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)