လောင်းလုံးမြို့နယ်အနေဖြင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ပြုလုပ်

လောင်းလုံး  မေ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အနေဖြင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း‌ ကျောင်းခန်းမတွင် ပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ ထားဝယ်ခရိုင်ပညာရေးမှူး၊ ဦးဆန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့်  ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ထားဝယ်ခရိုင်ပညာရေးမှူး ဦးဆန်းဦးက ကျောင်းအပ်နှံရေး‌နေ့ အခမ်းအနားဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က အမှားစကားပြောကြားပြီး လောင်းလုံး မြို့နယ်ပညာရေးမှူးမှ ကျေးဇူးတင်စကားပြောခဲ့ကြောင်း သိရသည်။ ထို့နောက် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်၊စာရေးကိရိယာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)