ပုလောမြို့ အမှတ်(၁)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခပ်ခြင်း၊ ခြင်း‌ဆေးဖြန်းခြင်းများ ဆောင်ရွက်

ပုလော  မေ  ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌၊ မိုးဦးကျတွင်ဖြစ် ပွားတတ်သည့်သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုလောမြို့ အမှတ်(၁)ရပ်ကွက်အတွင်း ယနေ့နံနက်က ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ပုလောမြို့နယ်ကျန်းမာရေးဝန်ထမ်းများက ရေစည်၊ ရေအိုးများအား ခြင်ပေါက်ပွားမှု ရှိ /မရှိ စစ်ဆေးခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေသိုလှောင်ကန်များ အဖုံးဖုံးအုပ်ရန် အသိပညာပေးခြင်း၊ သောက်ရေသုံးရေထည့်ထားသည့် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုး များအား ခြင်မပေါက်ပွား အောင်လဲလှယ်ပြောင်းထည့်ခြင်း၊ စွန့်ပစ်တာယာဟောင်းများ၊ ဘူးခွံများမှရေများအား သွန်ပစ်ခြင်း၊ ရေမလှယ်နိုင်သည့်အုတ်ကန်များကို ရေစစ်ဖြစ် စစ်ထုတ်ခြင်း Abate ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း စသည့်ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)