ပြင်ဦးလွင်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် (သီးနှံအခြေခံယို၊ ဖျော်ရည်၊ ဝိုင်) အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင် မေ ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တန်ဖိုးမြှင့်စားသောက်ကုန် (သီးနှံအခြေခံယို၊ ဖျော်ရည်၊ ဝိုင်) အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။    

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ဌာန၏လုပ်ငန်း ဆောင်ရွက်ချက်များ၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း၊ သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များအကြောင်း၊ သင်တန်းသား/သူများအနေဖြင့်လည်း သင်တန်းကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်စေရန် အချိန်ပြည့်တက်ရောက်ကြရန် လိုအပ်ပါကြောင်းနှင့်သင်တန်းတက်ရောက်ပြီးပါက လုပ်ငန်းပြန်လည်ထူထောင်လုပ်ကိုင်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ 

အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန် (သီးနှံအခြေခံယို၊ ဖျော်ရည်၊ ဝိုင်) အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းကို (၂၆.၅.၂၀၂၅) ရက်နေ့မှ (၁.၆.၂၀၂၅) ရက်နေ့အထိ သင်တန်းကာလ (၇) ရက်ကြာ သင်တန်းနည်းပြများမှ သင်တန်းသား (၂၀) ဦးတို့အား စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)