လှည်းကူးမြို့နယ်၊အုန်းနှဲကုန်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး

လှည်းကူး မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အုန်းနှဲကုန်းကျေးရွာရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ဆေးရုံမှကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အထောက်အကူပြုအဖွဲ့ဝင်များက  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ရေကန်များအား အဘိတ်ဆေးခတ်ခြင်းနှင့် ဖုန်း၊သွန်၊ လဲ၊စစ်လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အေးအေးနွဲ့