တနိုင်းမြို့နယ်၌ လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရေး (Mask Campaign) ပြုလုပ်

တနိုင်း ဒီဇင်ဘာ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် စည်ပင်သာယာဈေးအတွင်းနှင့် ယာယီပျံကျ ဈေးအတွင်း တစ်လျှောက်၌ ဈေးရောင်းသူများ လိုက်နာရမည့်အချက်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဈေးဝယ်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား Loudspeaker များဖြင့် အသိပညာပေးခြင်းနှင့် ဈေးဝယ်သူနှင့် ဈေးရောင်းသူ Mask မတပ်ဆင်သူများအား Mask Campaign ပြုလုပ်ခြင်းကို ဒီဇင်ဘာ(၁၀)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဝင်း ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်း()ဦးတို့က ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)