လှိုင်မြို့နယ်၌ အခြေခံပန်းချီဆွဲနည်းသင်တန်း သင်တန်းဆင်းပွဲကျင်းပ

လှိုင် မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လှိုင်မြို့နယ်ရုံး၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မေလ ၂၆ ရက် နံနက်(၁၀)နာရီအချိန်က အခြေခံပန်းချီဆွဲနည်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့‌သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူးဒေါ်အေးအေးခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များနှင့် သင်တန်း ဆင်းအမှာစကားပြောကြားပြီး၊မြို့နယ်ဦးစီးမှူးဦးညိုထွန်းက ကျေးဇူးတင်စကားပြောကြားသည်။

ထို့‌နောက် သင်တန်းဆရာချစ်ဝန်း‌အောင်က ပန်းချီဆွဲနည်းပညာရပ်များအား ဆက်လက်လေ့လာကြစေလိုကြောင်းရှင်းလင်း‌ပြောကြားခဲ့သည်။ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်မှ သင်တန်းဆရာအားဂါရဝပြုလက်ဆောင်ပေးအပ်ပြီး၊ သင်တန်းတွင်ဆုရရှိသူများအား အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီကဂုဏ်ပြုဆုလက်ဆောငများပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းကို ၂၀-၅-၂၀၂၅ ရက်နေ့မှ ၂၆-၅-၂၀၂၅ ရက်နေ့အထိ လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အခမဲ့သင်ကြားပို့ချ‌‌ပေးခဲ့ပြီး သင်တန်းသူ/သင်တန်းသား စုစုပေါင်း(၂၀)ဦး သင်တန်းတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 ဇော်ဇော်နိုင်