အလုံ မေ ၂၆
အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်(Youth Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆရာနတ်သျှင်(ရွှေဂူ) ရေးသားသည့် “လူငယ်များ၏ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်ခန့်ကကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အိအိမွန်က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပါခေါင်းစဉ်ဖြစ်သည့် ရွှေရောင်လေးတွေလင်းလက်ခွင့်ပေးပါ ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့သည်။
ထို့နောက်(Youth Club)အဖွဲ့ဝင်မခင်သီရီသူက စာအုပ်တွင်ပါရှိသည့်အကြောင်းအရာတို့ကို ကောက်နုတ်ဆွေးနွေးခဲ့ပြီး မဟန်နီ၀င်းနှင့်(Youth Club)အဖွဲ့ဝင်တို့က အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ Book Club နှင့် Youth Club အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကိုလည်း ကြည့်ရှုခဲ့ကြောင်းသိရသည်။
ယောဧရာ