လှည်းကူး မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ အသက် (၁) နှစ်မှ (၅) နှစ်အောက် ကလေးငယ်များ ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် ကလေးငယ်များ ရောဂါဘယကင်းရှင်းစေရန် ရည်ရွယ်၍ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာနှင့် ဟိုင်းကူးကျေးရွာတို့တွင် ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အသက် (၁) နှစ်မှ (၅) နှစ်အောက် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းကို လှည်းကူးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ပေးခဲ့ပြီး လှည်းကူးမြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များကိုလည်း ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မေးခိုင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်းများကိုလည်း လစဥ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)