ကော့သောင်းမြို့တွင် ဧည့်မထဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ကော့သောင်း မေ ၂၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသုံးသူများအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်ဖြင့် ဧည့်မထ(ဇီယာ)ဆန်တစ်ပြည်ကို (၃၅၀၀/-)ကျပ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ကော့သောင်းမြို့နယ်၊ ဆန်စပါးလုပ်ငန်းအသင်း‌ရုံး‌‌နေရာတွင် အသင်းသူ၊ အသင်းသူများက ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ‌ကြောင်း သိရသည်။

စားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတိုးမြှင့်နေသည့်ကာလတွင် အခြေခံပြည်သူများအားတဖက်တလှမ်းမှ အကူအညီဖြစ်စေရန် ရည်ရွယ်၍ ဇွန်လ (၂၇) ရက်နေ့မှစ၍ အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့ထိ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းနှင့် တာဝန်ရှိသူများသည် ဧည့်မထ(ဇီယာ) ဆန်များအား (၃၅၀၀/-) ကျပ်ဖြင့် နံနက်(၉)နာရီခွဲမှ (၁၁)နာရီခွဲအတွင်း ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)