ခရမ်း မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာရှောင်ရှားသင့်သည့် အကြောင်းအရာများ၊ မုန်တိုင်းမဖြစ်ပေါ်မီသတိပေးချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးနောက် နောက်ဆက်တွဲဆိုးကျိုးများ၊ ရေကြီးခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်နှင့် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်သည့်အကြောင်း အရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသူများ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)