ကျောက်တန်း မေ ၂၆
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုး အထွက်နှုန်းရရှိနိုင်အတွက် စိုက်ပျိုးရာသီအမှီကျေးရွာများမှ ဒေသခံတောင်သူများ ကြိုတင်ပြင်ဆင်လျက်ရှိကြသည်။ မိုးစပါးစိုက်ပျိုးခြင်းဟာ မြန်မာနိုင်ငံက တောင်သူတွေအတွက် စားနပ်ရိက္ခာဖူလုံမှုမှာ မိုးစပါးက မြန်မာနိုင်ငံရဲ့ အဓိကစားနပ်ရိက္ခာဖြစ်တာကြောင့် ကိုယ်တိုင်စားသုံးဖို့နဲ့ မိသားစုစားဝတ်နေရေးအတွက် လုံလောက်တဲ့ ဆန်စပါးကို ထုတ်လုပ်ပေးနိုင်ပြီး ပိုလျှံတဲ့ ဆန်စပါးကို ရောင်းချ၍လည်းဝင်ငွေလည်း ရရှိနိုင်ပါတယ်။
တောင်သူများအား စိုက်ပျိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကြိုတင်ထုတ်ချေးပေးလျက်ရှိပြီး မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ သွင်းအားစုများဖြစ်သော မြေဩဇာများကိုလည်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချရန်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ကျောက်တန်းမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးဧက (၁၀၈၀၇၂) ဧက၊ ဆောင်းသီးနှံဧက (၈၁၆၀၇) ပိုပ်ဆံလျှော် (၉၇၆) ဧက၊ ငရုပ်နှင့် ဟင်းသီးဟင်းရွက်ဧက(၁၄၅၇)ဧက၊ နွေစပါးဧက (၄၀)၊ နေကြာ(၄၇၈)ဧက စိုက်ပျိုးသွားရန် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့က လျာထားဆောင်ရွက်လျက်ရှိပြီး တောင်သူများ သတ်မှတ်စိုက်ဧကပြည့်မီရေးအတွက် လိုအပ်သာ ပံ့ပိုးကူညီမှုများအား စိုက်ပျိုးရေးဦးစီးဌာန ကွင်းတာဝန်ခံဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇင်ထွန်း (ပြန်/ဆက်)