ခမောက်ကြီး မေ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ် ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး ပူးပေါင်းအဖွဲ့များက အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် ယနေ့နံနက်က ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ထွေ/အုပ်၊ စည်ပင်၊ ကျန်းမားရေး၊ မီးသတ်နှင့် ပြန်/ဆက်စသည့်ဌာနဆိုင်ရာများ ပူပေါင်း၍ အခြေခံပညာကျောင်းများ၊ ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် အတွင်းအပြင်ရှိ ရေစည်၊ ရေအိုးများအား ခြင်ပေါက်ပွားမှုရှိမရှိစစ်ဆေးခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေသိုလှောင်ကန်များ အဖုံးဖုံးအုပ်ရန် အသိပညာပေးခြင်း၊ သောက် ရေသုံးရေ ထည့်ထားသည့် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများအား ခြင်မပေါက်ပွားအောင် လဲလှယ်ပြောင်းထည့်ခြင်း၊ စွန့်ပစ်တာယာဟောင်းများ၊ ဘူးခွံများမှ ရေများအား သွန်ပစ်ခြင်း၊ ရေမလှယ်နိုင်သည့်အုတ်ကန်များကို ရေစစ်ဖြစ်စစ်ထုတ်ခြင်း Abate ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း စသည့်ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)