မိုင်းခတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မိုင်းခတ် မေ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ အ.ထ.က(မိုင်းခတ်)၊ နီလာဆောင်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပရာ ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်းသား/ကျောင်းသူလေးများက ကျောင်းအပ်နှံကြပါစို့ သီချင်းဖြင့်‌ သီဆိုဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် စစ်ဗျူဟာအဖွဲ့(အခြေချ) (မိုင်းခတ်)စစ်ဗျူဟာမှူး  ဗိုလ်မှူးကြီးဇော်အေးထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးလှမင်းနိုင်က ပညာရေးနှင့်ပတ်သက်သည့်အချက်အလက်များ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့်အဖွဲ့ဝင်များက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သင်ထောက်ကူပစ္စည်းများဖြစ်သည့် အခမဲ့ကျောင်းသုံးပုံနှိပ်များ၊ အခမဲ့ဗလာစာအုပ်များပေးအပ်ပြီး၊ ကျောင်းသား/ကျောင်းသူများ သောက်သုံးရေ‌အတွက် အလှူငွေများကို စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုင်းခတ်)စစ်ဗျူဟာမှူး  ဗိုလ်မှူးကြီးဇော်အေးထွန်းက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်က လက်ခံရယူရယူ၍ ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုင်းခတ်)စစ်ဗျူဟာမှူး  ဗိုလ်မှူးကြီးဇော်အေးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး‌အဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)