သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတော် ကျင်းပ

ကွန်ဟိန်း မေ ၂၆

မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတစေရေးနှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်စေရေးတို့အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ စစ်ဗျူဟာ(အခြေချ)(ကွန်ဟိန်း) မြို့ရှောင်လမ်း၌ ယမန်နေ့နံနက်ပိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ စစ်ဗျူဟာ (ကွန်ဟိန်း)မှ အရာရှိနှင့် စစ်သည်မိသားစုများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရာဇာထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်း(၂၀၀) ဦးခန့်က  ကျွန်း(၃၀၀)ပင်နှင့် ရေသင်းဝင်(၃၀၀)ပင် စုစုပေါင်း အပင်(၆၀၀) တပျော်တပါးစုပေါင်း သစ်ပင်စိုက်ပျိုးကြကြောင်း သိရသည်။

ခွန်ရဲထွေး