ဒေါပုံမြို့နယ်တွင် အင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဒေါပုံ မေ ၂၆

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ဦးစွာ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက သင်တန်းဖွင့်လှစ်ခဲ့ရခြင်းအပေါ် ရရှိသည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား Certificate နှင့် ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် သင်တန်းဆရာမ ဒေါ်သင်းသင်းလှိုင်အား ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

အဆိုပါအင်္ဂလိပ်စာသင်တန်းကို ကျောင်းသား၊ ကျောင်းသူများ၏ နွေရာသီအားလပ်ရက်ကာလများတွင် အကျိုးရှိထိရောက်စေရန် ရည်ရွယ်၍ (၁-၃-၂၀၂၅) ရက်နေ့မှ (၂၅-၅၂၀၂၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ရာ သင်တန်းသား၊ သင်တန်းသူ (၃၅) ဦး တက်ရောက်သင်ကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)