တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များ ပေးအပ်

တံတားဦး မေ ၂၆

တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့်တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမည့် မိသားစုဝင်သားသမီးများ အားပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များပေးအပ်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပြုလုပ် သည်။

ပညာသင်ထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦကျော်ငြိမ်းက ဝန်ထမ်းမိသားစုများ၏အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် တက္ကသိုလ်၊ ကောလိပ်အသီးသီးတို့၌ ပညာသင်ကြားကြမည့် မိသားစုဝင်သား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များ၊ စာရေးကိရယာများ ထောက်ပံ့ပေးအပ်ရခြင်းသည် တစ်ဘက်တစ်လမ်းမှ ပညာကို ချီးမြှောက်ခြင်းဖြစ်ကြောင်း ဒါ့အပြင် အနာဂတ်၏ ကြယ်ပွင့်ကလေးများဖြစ်သည့် သား၊ သမီးများအနေဖြင့် ပညာကို ဂရုတစိုက်လေ့လာသင်ပေးစေလိုကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြောကြားသည် ။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဝန်ထမ်းမိသားစုဝင် ကျောင်းသား/ သူများအတွက် ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များ၊ စာရေးကရိယာများကို အသီးသီး ပေးအပ်ကြသည်။

တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းသား/သူ (၄) ဦးအား တစ်ဦးလျှင် ငွေကျပ် (၁) သိန်းနှုန်း၊ အခြေခံပညာအထက်တန်းအဆင့်ကျောင်းသား/သူ (၂) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၆၀၀၀၀)၊ ဗလာစာအုပ်နှစ်ဒါဇင်၊ ဘောလ်ပင် (၆) ချောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၅၀၀၀၀)၊ ဗလာစာအုပ်တစ်ဒါဇင်နှင့်ခြောက်အုပ်၊ ဘောလ်ပင် (၃) ချောင်း၊ မူလတန်းအဆင့် ကျောင်းသား/သူ (၈) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)၊ ဗလာစာအုပ်တစ်ဒါဇင်နှင့်  ခဲတံ (၃) ချောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့်တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမည့် မိသားစုဝင် သားသမီးစုစုပေါင်း (၁၈) ဦးအတွက် ပစ္စည်းတန်ဖိုးနှင့် ထောက်ပံ့ငွေစုစုပေါင်း (၁၂၆၄၈၀၀) ကျပ်ဖြစ်ကြောင်း သိရသည် ။

ရဲတင့်(ပြန်/ဆက်)