တိုက်ကြီးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်

တိုက်ကြီး မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မိုးရာသီ၌အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့မကျန်းမာရေးမှူး ဦးမြင့်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း၌ လိုက်လံဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိနေအိမ်များ၊ ရုံးဌာနများ၊ အခြေခံပညာကျောင်းများ၌ အဓိကရေသိုလှောင်ပစ္စည်းများဖြစ်သည့် ရေစည်၊ ရေအိုး၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်း၊ ခြင်ပေါက်ဖွားမှုမရှိစေရေး ဘုရားပန်းအိုး၊ အလှပန်းအိုးများ၊ ရေတင်ကျန်နိုင်သည့် ဘူးခွံ၊ ခွက်ခွံ၊ တာယာဟောင်းများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်