ကာလိမြို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ကာလိ မေ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် စက်သုံးဆီများဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များတွင် မီးသတ်ဆေးဘူးများ ပြည့်စုံလုံလောက်စွာ ထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ သက်တမ်းကျော်လွန်မှု ရှိ/မရှိ၊ ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် သတ်မှတ်ထာသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးဆိုင်ရာများနှင့် လိုအပ်သည်များကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)