မြစ်သား မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဆောက်လုပ်နိုင်ရေး အသိပညာပေးဟော ပြောပွဲအခမ်းအနားတွင် တပ်မတော်စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်၊ ကျောက်ဆည်ခရိုင်တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ မန္တလေးငလျင်ဒဏ်သင့် ဒေသခံပြည်သူများကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါခန်းမ၌ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဒေါ်သီတာယဉ်က အဆောက်အဦများဆောက်လုပ်ရာ၌လုပ် ငန်းသုံးပစ္စည်းများ၏ အရည်အသွေးအခြေအနေများ၊ အုတ်မြင့်တည်ဆောက်ခြင်း အခြေအနေများ၊ တိုင်၊ ယက်မ၊ နံရံ၊ ကြမ်းခင်း၊ အမိုးတည်ဆောက်ခြင်းအခြေအနေများ၊ စစ်ဆေးခြင်း အခြေအနေများနှင့် ငလျင်ဒဏ်ကြောင့်အရည်အသွေးညံ့ဖျင်းသည့်အုတ် (၁) ထပ်တိုက်နှင့် အုတ်(၂) ထပ်တိုက် ပြိုကျပျက်စီးမှုအခြေအနေအကြောင်းအရာများစသည့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရေး အသိပညာပေးအကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍တက်ရောက်လာသောမန္တလေးငလျင်ဒဏ်သင့် ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းရာ တပ်မတော်စစ် ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်နှင့် ကျောက်ဆည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်တို့မှ အသီး သီးပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တပ်မတော်စစ် ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ကျောက်ဆည်ခရိုင် တပ်နယ်မှူးဗိုလ်မှူးချုပ် တိုးမြင့်ကျော်၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့ နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့ နယ်အတွင်းမှ မန္တလေးငလျင်ဒဏ်သင့်ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀) ဦးခန့်တက်ရောက်ခဲ့ ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)