တံတားဦး ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းအပ်လက်ခံဆောင်ရွက်ခြင်းကို ဇွန် (၂၂) ရက်နေ့နမှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း(၇၂)ဦး လက်ခံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တံတားဦးခရိုင်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို (၂၀၂၄-၂၀၂၅) ပညာသင်နှစ်မှ စတင်ဖြစ်လှစ်ခဲ့ပါကြောင်း (၂၀၂၂-၂၀၂၃)၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် (Grade-9) အောင်မြင်သူများ၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် (Grade-10) အောင်မြင်သူများ (သို့မဟုတ်) ကျရှုံးသူများ (သို့မဟုတ်) ရပ်နားထားသူများ တက်ရောက်ပညာသင်ယူကြကြောင်း သိရသည်။
ယခုအခါ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ စက်မှုအထက်တန်းကျောင်း တက်ရောက်ပညာသင်ယူသူ(၄၂)ဦး၊ စိုက်ပျိုးရေးအထက်တန်းကျောင်း တက်ရောက်ပညာသင်ယူသူ (၃)ဦး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ပညာသင်ယူသူ (၂)ဦး၊ စုစုပေါင်း (၇၂)ဦး ကျောင်းအပ်လက်ခံပြီးစီးပြီဖြစ်ကြောင်း အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား/သူများအား ဆရာ/မများက စာတွေ့လက်တွေ့ သင်ကြားပို့ချသင်ကြားပေးနေပါကြောင်း အဆိုပါကျောင်းသို့ တက်ရောက်လိုသည့် ကျောင်းသား/သူများအနေဖြင့်လည်း ကျောင်းအပ်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရဲတင့် (ပြန်/ဆက်)