စဉ့်ကိုင် မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို မေလ ၂၂ ရက်နေ့က စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၆ရက် ယနေ့ထိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ ၂၃၃၀၁ ဦး ကျောင်းအပ်နှံပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
ကျောင်းအပ်နှံရာတွင် အခမဲ့ပညာရေးစနစ်ဆိုင်ရာပံ့ပိုးမှုအစီအစဥ် လမ်းညွှန်ချက်များကို မိဘ အုပ်ထိန်းသူများသိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ထားရှိပြီး အခြေခံပညာမူလတန်း ၁၆၅၂၆ ဦး၊ အလယ်တန်း ၄၄၅၁ ဦး၊ အထက်တန်း ၂၃၂၄ ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၂၃၃၀၁ ဦးတို့အား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးပြီးစီးပြီဖြစ်ကြောင်းနှင့် အပ်ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် အခြေခံပညာကျောင်း (၁၀၃)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၄) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း(၉)ကျောင်းတို့တွင် KG တန်းမှ Grade-12 တန်းထိ ကျောင်းသား/သူများအား ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)