ပင်လောင်း မေ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက ကျောင်းအပ်နှံမှုအခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် ဆုံးရှုံးမှုမရှိအောင် မိဘများက အင်တိုက်အားတိုက် ဆောင်ရွက် ပေးကြဖို့လိုအပ်ကြောင်း ပြောကြားပြီး၊ နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အခမဲ့ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ပြဋ္ဌာန်းစာအုပ်၊ ခဲတံ၊ ဘောပင်များကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးဌာနမှ တာဝန်ရှိသူနှင့် ဌာနဆိုင်ရာတာန်ဝန်ရှိများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ခဲကြသည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ရုံဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ အ.ထ.က (၁) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်