ပြည်ကြီးတံခွန် မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက်ရှိ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (၂၇) မှ ကျောင်းသား/သူများက “မိုးဦးအလှစိမ်းစိုမြ” သီချင်းဖြင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးဝင်းမင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၏ “ကျောင်းနေအရွယ် ကလေးအားလုံးစဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိရေး၊ ကျောင်းနေအရွယ်ကလေး အားလုံးကျောင်းနေမြဲရေး၊ ဇွန်လ (၂) ရက်နေ့မှစ၍ အခြေခံပညာကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မိဘများအနေဖြင့် မိမိတို့၏သား သမီးများကို နီးစပ်ရာကျောင်းများတွင် ကျောင်းအပ်နှံပေးကြရန် လိုအပ်ပါကြောင်း” ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများသို့ နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသော အထက်တန်းနှင့် အလယ်တန်းများအတွက် ပုံနှိပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် မူလတန်းအတွက်ကျောင်းဝတ်စုံများ ပေးအပ်ခဲ့ရာ ကျောင်းသား/ သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)