စမ်းချောင်း မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန့်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနမှ ၀န်ထမ်းများက ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် e ID အထစမှ ထုတ်ယူရရှိသည့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အခြေပြု၍ အိမ်အရောက်ကွင်းဆင်းစီစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုအား စမ်းချောင်းမြို့နယ်အတွင်းရှိ စမ်းချောင်း(တောင်)ရပ်ကွက်၊ ရှင်စောပု (တောင်) ရပ်ကွက်၊ မြေနီကုန်း (မြောက်) ရပ်ကွက်၊ ဝေဠု၀န် (တောင်) ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ လင်းလွန်း (တောင်) ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)