ဆီဆိုင် မေ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်း သား၊ သမီးများအား ပညာသင် စရိတ်ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်း သား၊ သမီးများအား ပညာသင်စရိတ်ချီးမြှင့်ငွေ ပေးအပ်ရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးနှင့် မြို့နယ်စည်းရုံးရေးနှင့် မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌတို့က တက်ရောက်လာကြသည့် ဝန်ထမ်း သား၊ သမီး မူလတန်းအဆင့် (၁၁) ဦး၊ အလယ်တန်းအဆင့် (၇) ဦး၊ အထက်တန်းအဆင့် (၇) ဦး၊ တက္ကသိုလ်အဆင့် (၂) ဦး၊ စုစုပေါင်း (၂၇) ဦးတို့အား ပညာသင်စရိတ် ချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)