မှော်ဘီမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ရှင်းလင်းဆောင်ရွက်

မှော်ဘီ ​မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရန်နှင့် ရေလျှံခြင်းမဖြစ်ပေါ်စေရန်ရေဝင်၊ ရေထွက်ရေမြောင်းများ ရှင်းလင်းဖယ်ရှားဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက မှော်ဘီမြို့နယ် ပြည်လမ်းဘေးတပ်ကြီး ကုန်းကျေးရွာနှင့် အမှတ်(၄)လမ်းဆုံရှိ ရေမြောင်းများအတွင်းအမှိုက်များ၊ သစ်ကိုင်သစ်ခက်များ၊ နှုန်းသဲများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့​သည်။

ဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးခင်ဦးနှင့် ဝန်ထမ်းများက မှော်ဘီပြည်လမ်း၊ တပ်ကြီးကုန်းကျေရွာရှိ ရေနှုတ်မြောင်း၊ အမှတ် ၄ လမ်းဘေးရှိ ရေနုတ်မြောင်းအတွင်းရှိ ပိတ်ဆို့နေသော အမှိုက်သရိုက်များ၊ သဲနုံးများ၊ သစ်ကိုင်းသစ်ခက်ခြုံနွယ်များ ရှင်းလင်းခြင်း၊ ရေ​မြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးစသည့် လုပ်ငန်းများ စက်အား၊ လူအားဖြင့် ဦးစီး၍ ရှင်းလင်းဆောင်ရွက်ခဲ့သည်။

မှော်ဘီမြို့နယ်အတွင်း၌ ရေစီးရေလာကောင်းမွန်စေရန်အတွက် အခြားကျန်ရှိနေသော ရေနုတ်မြောင်းများလည်း မိုးတွင်းမရောက်မှီအချိန်မှီ ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်​ကြောင်းလည်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)