ချမ်းမြသာစည်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်

ချမ်းမြသာစည် မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) အချိန်က အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ချယ်ရီစူပါစိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမှတ်(၃၀) အ.ထ.ကမှ အထက်တန်းကျောင်းသား၊ ကျောင်းသူလေးများက “မိုးဦးအလှစိမ်းစိုမြ”သီချင်းနှင့်‌‌ တေးသရုပ်ဖော်တင်ဆက်ကာ အခမ်းအနားကို ဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့‌ ခေတ္တဥက္ကဋ္ဌ ဦးထင်‌ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမြင့်က၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးအခမ်းအနားနှင့်ပတ်သက်ပြီး အကျယ်တဝင့် ရှင်းလင်း‌ပြောကြားခဲ့သည်။ ဆက်လက် ၍ နိုင်ငံတော်မှ ကျောင်းသား/ သူများအတွက် အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာ စာအုပ်၊ ခဲတံနှင့်ဘောလ်ပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ကျောင်းသား/သူများသို့ ပေးအပ်ခဲ့ကြသည်။

မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာ‌ရေးမှူး ဒေါ်စန်းမြင့်နှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊  ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး ချမ်းမြသာစည်မြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းပေါင်း (၃၄) ကျောင်းတွင် မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့