မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ် (၂၀) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားများ စုံညီအစည်းအဝေးကျင်းပ

ရန်ကုန် မေ ၂

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ် (၂၀) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားများ စုံညီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ Panda Hotel ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အသင်းသား အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှ လမ်းညွှန်အမှာ စကားပြောကြားပြီး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ် ခိုင်ခိုင်နွယ်မှ အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ်၊ဥက္ကဋ္ဌ ဦးကျော်ဝင်း (ဦးထုံရွှေပန်းထိမ်) မှ နှုတ်ခွန်ဆက်စကားပြောကြားပြီး မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်မှ ၂၀၂၄ ခုနှစ် အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် ၂၀၂၄ နှစ်ချုပ် ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားအတည်ပြုပြီး ၂၀၂၄ - ၂၀၂၆ ခုနှစ် အမှုဆောင်သက်တမ်းပြန်လည်ဖွဲ့စည်းထားသော အလုပ်အမှုဆောင်များအဖွဲ့စာရင်းကို ဖတ်ကြားကြေငြာခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ်(၂၀)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားများ စုံညီအစည်းအဝေးတွင် Main Sponsor အဖြစ် အဖက်ဖက်မှ ပံ့ပိုးကူညီပေးသော ကုမ္ပဏီများအား တာဝန်ရှိသူများက ဂုတ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

ရွှေလုပ်ငန်းရှင်များ အသင်းချုပ်တွင် စီမံခန့်ခွဲမှုကော်မတီဝင်(၂၀)ဦးအပါအဝင် ၇ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်(၈၁)ဦးရှိပြီး အသင်းဝင် အသင်းသား(၃၀၄၄)ဦး ရှိပါကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)