ပြည်ကြီးတံခွန် မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်တွင် (၂၈.၃.၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားသော ဝေသာလီ ဂန္ဓာရုံဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ ယနေ့နံနက် (၇) နာရီအချိန်က မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးလုပ်ငန်းများ ရှင်းလင်းဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၅၄) ဦးဖြင့် ခြုံများခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူဖယ်ရှား ရှင်းလင်းခြင်း၊ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးသည့် အုတ်များအား သယ်ယူရှင်းလင်းခြင်း၊ မြက်ပင်များအား ပေါက်ထွင်ရှင်းလင်းခြင်း စသည့်တို့ကို ရှင်းလင်းဆောင်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)