ကရသူရိမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား/ သူများအား ကျောင်းအပ်နှံရေးလက်ခံခြင်း ဆက်လက် ဆောင်ရွက်

ကရသူရိ မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ကျောင်းသား/ သူများအား ကျောင်းအပ်နှံရေးလက်ခံခြင်းကို ဆက်လက်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလက်ခံဆောင်ရွက်ခြင်းကို မေလ ၂၂ ရက်နေ့မှ စတင်လက်ခံဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်ထိ ကျောင်းသား/ သူများက မိဘအုပ်ထိန်းသူများဖြင့် လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းကို (KG အတန်းမှ Grade-12 အတန်း) အထိ လက်ခံလျက်ရှိပြီး ကျောင်းသား/ သူများအား ကျောင်းသုံးပုံနှိပ်စာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ခဲတံတို့ကို အခမဲ့ပေးလျက်ရှိကြောင်းနှင့် ကျောင်းသင်ခန်းစာများအား ဇွန်လ (၂) ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာဆင့် သင်ကျောင်းများအားလုံး တစ်ပြိုင်နက်တည်း ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)