လူသွားစင်္ကြံ၊ ကွန်ကရစ်လမ်းနှင့် မိုးရေစုကန်များ ဒုတိယမြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် မေ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများလိုက်ပါ၍ မေ ၂၄ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း လူသွားစင်္ကြံနှင့် ကွန်ကရစ်လမ်းခင်းကျင်းမှု၊ မြေသားမိုးရေစုကန်များမှ ရပ်ကွက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရန် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းမတစ်လျှောက် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ လူသွားစင်္ကြံ Interlock ခင်းကျင်းနေမှု ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် () ရပ်ကွက်ရှိ အောင်ပြည့်စုံလမ်းအား အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား)မှ အရှည် ၂၀၅၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်ခင်းကျင်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းပခုံးသားများ ကောင်းမွန်ရေးဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာရှိ မြေသားမိုးရေစု သဘာဝရေကန် () ကန်နှင့် ရန်ကုန်-ညောင်တုန်းလမ်းမပေါ် အောင်ဇေယျပန်းခြံအတွင်းရှိ မြေသားမိုးရေစုကန်များမှ ရပ်ကွက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရန်အတွက် ဆိုလာစနစ်ဖြင့် အသုံးပြုနိုင်ရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည်ဆည်းဆောင်ရွက်ပေးသည်။

အောင်မြင့် (ပြန်/ဆက်)