မိုင်းဆတ် မေ ၂၆
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မိုင်းဆတ်မြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၇ နာရီက မိုင်းဆတ်-မိုင်းခုတ်သွားကားလမ်းမဘေး၊ မိုင်းဖုန်းဆရာတော်ဘုန်းတော်ကြီးကျောင်းဝင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ဇင်မင်းထွန်းနှင့် တပ်မတော်သားများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးသန်းနိုင်နှင့် ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အဖြူရောင်လူငယ်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ပြီး ကျွန်း (၁၀၀)ပင်၊ မယ်ဇလီ (၅၀) ပင်၊ ပိတောက် (၁၀၀)ပင်၊ စိန်ပန်းနီ (၁၀၀)ပင်၊ စိန်ပန်းပြာ (၁၀၀)ပင်နှင့် မန်ဂျန်ရှား (၅၀)ပင် စုစုပေါင်း ပျိုးပင် (၅၀၀)ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)