ပင်းတယ မေ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် သရက်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်းနှင့် Biometric များကို တာဝန်ရှိသူများက နည်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သရက်ကုန်းကျေးရွာအုပ်စုအတွင်း အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးဌာနမှူး ဦးအောင်မျိုးနှင့် တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric များကို ပြည်သူများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ကိုဦး(ပြန်/ဆက်)