တောင်ကြီး မေလ ၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ တောင်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်း၌ မေ ၂၄ ရက်နေ့ နံနက် ၉ နာရီက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုက ပေးအပ်ထောက်ပံရခြင်း၏အကြောင်းကိုရှင်းလင်းပြောကြားသည်။ ဒုတိယ ရိုင်စီမံအုပ်ချုပ်ရေးမှူး၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်များက ဈေးပိုင်ရပ်ကွက်၊ ကန်အောက်ရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်၊ ချမ်းသာရပ်ကွက်၊ မြို့မရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်တို့မှ ယာယီနေရပ် စွန့်ခွာပြည်သူ (၅) ဦးအား တစ်ဦးလျင် ထောက်ပံ့ကြေး (၂) လစာ (၄၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ပေးအပ်သည်။
၎င်းနောက် ခရိုင်အဆင့် ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့တို့မှ ကြီးကြပ်ဆောင်ရွက်၍ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော် (တောင်ကြီး)