မရမ်းကုန်းမြို့နယ်၌ ရှေးဦးပြုစုနည်းအခြေခံသင်တန်းဖွင့်ပွဲကျင်းပ

မရမ်းကုန်း မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်း၊ မြို့နယ်စာ‌ရေးဆရာအသင်းတို့ပူးပေါင်း၍ ရှေးဦးပြုစုနည်းအခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (community center)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မရမ်းကုန်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်ကြိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဒုဥက္ကဋ္ဌ ဆရာရှင်ဇာနန်က သင်တန်းများပို့ချပေးခြင်းအတွက် ဝမ်းမြောက်စကားပြောကြားပြီး ပြန်/ဆက်ဦးစီးမှူး ဦးရဲနောင်ချစ်က ကျောင်းပိတ်ရက်နွေရာသီကာလတွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေပြီး စာကြည့်တိုက် စာအုပ်စာပေများဖြင့်နီးစပ်ပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းများပို့ချခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးလာမည်ဖြစ်‌ေကြာင်း လူတိုင်းရှေးဦးပြုစုခြင်း အခြေခံပညာရပ်ပြန့်ပွားစေရန် အတွက်ရည်ရွယ်၍ ဖွင့်လှစ်ကြောင်းရှင်းလင်းပြောကြားပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဦးစိန်မင်း (YMBA) က ရုတ်တရက်ကျရောက်တတ်သော သဘာဝဘေးအန္တရာယ်များအား ကျရောက်ရာတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုအလေ့အထနှင့် အခြေခံရှေးဦးပြုစုခြင်းကို လူငယ်လူရွယ်များ နားလည်စေရန်ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းကို မရမ်းကုန်းခရိုင်နှင့်မရမ်းကုန်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များမှ နည်းပြ (၄) ဦးတို့က မေလ (၂၄)ရက်မှ (၂၆)ရက်အထိ (၃)ရက်တာ စာတွေ့လက်တွေ့ နံနက် (၉) နာရီမှ ညနေ (၁၆:၃၀) နာရီအထိ စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများရပ်ကွက်အသီးသီးမှ သင်တန်းသားဦးရေ (၃၅)ဦး တက်ရောက်ကြကြောင်း သိရသည်။

ကိုရဲ

မြို့နယ် (ပြန်/ဆက်)