ညောင်ဦးမြို့ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံကြီး၌ ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ညောင်ဦး မေ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ငလျင်သဏ္ဍာန်တူဇာတ်လေ့ကျင့်ခြင်းအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ရဲမင်းထွန်းမှ တက်ရောက်လာသော ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား ငလျင်ဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ရဲမင်းထွန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်းတို့နှင့်အတူ ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများ၊ လူနာနှင့်လူနာစောင့်များ စုစုပေါင်း ၇၀ ဦးတို့ပူးပေါင်း၍ ပြိုကျနေသော အဆောက်အဦအတွင်းရှိ လူနာများအား ရှာဖွေကယ်ထုတ်ခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုခံယူနိူင်ရေးအတွက် လူနာများအားကူညီပို့ဆောင်ခြင်း၊ အရေးပေါ်ကုသမှုပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အား ပူးပေါင်းဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း