ညောင်ဦးမြို့နယ်တွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်‌ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေး

ညောင်ဦး မေ  ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးအတွက် ညောင်ဦးမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း ကို မေ ၂၂ ရက်၊ နံနက် ၉ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးအ စည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်မျိုးခိုင်က MSME လုပ်ငန်းများတွင်အသုံးပြုရန်အတွက် လိုအပ်သည့်စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို နိုင်ငံတော်မှသက်သာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိရာ အဆိုပါလုပ်ငန်းသုံးဆီများကို လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများမှန်မှန်ကန်ကန်သုံးစွဲကြရန်၊ လုပ်ငန်းရှင်များ လစဉ်လိုအပ်လျက်ရှိသည့် စားအုန်းဆီများကိုကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူပြည်သူများထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရေး၊ ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ထုတ်ကုန်ပစ္သည်းများတွင် ဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြကြရန်၊ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်ကြရာ ခရိုင်ဦးစီးမှူး ဦးတင်မျိုးခိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း