သာစည်မြို့နယ် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်

သာစည် မေ ၂၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ မေ ၂၂ ရက်က သာစည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်ခင်လှသီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝတ်မှုံအောင်ထံက သိရသည်။

မြို့နယ် (ပြန်/ဆက်)