ရပ်စောက် မေ ၂၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာ့နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများအားလုံးကို ဇွန်လ (၂) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းများကို မေလ(၂၂)ရက်နေ့ နံနက်ပိုင်းမှ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်စတင် ဆောင်ရွက်ပေးလျက်ရှိသည်။
ရပ်စောက်မြို့နယ်တွင် အခြေခံပညာကျောင်း (၂၃၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်းတို့တွင် ကျောင်းအပ်လက်ခံခြင်းများကို မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ သတ်မှတ်ထားကြောင်းသိရသည်။ ထိုသို့ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ကျောင်းများမှာ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများနှင့်တွေ့ဆုံ၍ ကျောင်းအပ်နှံရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်