လှိုင်သာယာ(အရှေ့ပိုင်း) မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အသက် (၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မေလ ၂၂ ရက်နေ့ နံနက် (၉) နာရီ၌ ဒေသန္တရရွှေလင်ပန်းကျေးရွာတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာကြူကြူသင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများပူးပေါင်းကာ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ဆက်လက်၍ အသက် ၁ နှစ်မှ အသက် ၅ နှစ်အထိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ၂၀၂၅ ခုနှစ် မေ (၁၉) ရက်နေ့မှ မေ(၂၆) ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းကို ဒေသန္တရကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)