နောင်တရား မေ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျေးရွာများ၌ စိုက်ပျိုးသည့် ရေးသွင်းအာလူး စတင်တူးဖော် လျက်ရှိကြောင်း သိရသည်။
“ရေသွင်းအာလူးတွေကိုတော့ စပြီးဖော်နေပါပြီး နောက်ကျမှဖော်ရင် ရေဝပ်ပြီး ပုပ်ကုန်ပါတယ် ပြီးတော့ နောက်ကျမှ တူးရင်စကအာလူး စိုက်ဖို့မျိုးနောက်ကျသွားတဲ့အတွက် အထွက်နှုန်းလျော့နည်းနိုင်ပါတယ် အာလူးဈေးကတော့ နည်းနေသေးပါတယ် အာလူးအရွယ်အစား အက်ဝမ်းအောက်ကို မျိုးပြန်ထားပါတယ် စားအာလူးအရွယ်အစား အက်တူးအထက်ကို ကျော်သီးဆိုရင် ၃၈၀၀ ကျပ် စားအာလူး ၂၈၀၀ ကျပ် မျိုးအာလူးအတွက်ကိုတော့ ၆၀၀၀ ကျပ်နဲ့ရောင်းရပါတယ်” ဟု သိမ်းပြုံးကျေးရွာမှ အာလူးစိုက်တောင်သူတစ်ဦးကပြောသည်။
နောင်တရားဒေသတွင် အာလူးကို မိုးကြို၊ မိုးနှောင်း(စက)နှင့် ရေသွင်းအာလူးဟု၍ သုံးကြိမ်စိုက်ပျိုးလျက်ရှိသည်။ အာလူးစိုက်ပျိုးရေးလုပ်ငန်းတွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ ပြားသော်လည်း တောင်သူအများစုက အာလူးစိုက်ပျိုးသည့်လုပ်ငန်းကို ပိုမိုစိတ်ဝင်စားကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)