ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ဈေးကွက်‌စောင့်ကြည့်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်

ကွမ်းခြံကုန်း မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တောင်ဘက်ပိုင်းရပ်ကွက် '99'စားသောက်ဆိုင်အား မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်များပြုပြင်ရောင်းချမှုတွင် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ အစားအသောက်ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အစား‌‌အသောက်များ၏အမျိုးအစားနှင့် အရွယ်အစားပမာဏအလိုက် ပွင့်လင်းမြင်သာစွာဖြင့်ဖော်ပြစေရေး၊ အစားအသောက်များဆေးကြောသန့်ရှင်းသည့်ရေများ သန့်ရှင်းမှုရှိစေရေးနှင့် ကျန်းမာရေးညီညွှတ်သော အစားအသောက်များရောင်းချရမည်ဖြစ်‌ကြောင်း ဆိုင်ရှင်များအား  ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူ‌‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့မှဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/‌ဆက်)