သန်လျင်၌သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဆင်းပွဲပြုလုပ်

ရန်ကုန် မေ ၂၅

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သော သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၃ ရက်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၅)ကို မေလ ၂၀ ရက်နေ့ စတင်ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက သတင်းအချက်အလက်စုဆောင်းခြင်း ဘာသာရပ်ကိုလည်းကောင်း၊ ဓါတ်ပုံကျွမ်းကျင်- ၂ ဦးမျိုးလှိုင်က သတင်းဓါတ်ပုံဘာသာရပ်ကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးရန်ငြိမ်းက သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းဘာသာရပ်ကိုလည်းကောင်း၊ ရွှေရန်ကုန်မီဒီယာဌာနမှ ဦးဌေးလင်းက အစဉ်တိုးတက်နေသော မီဒီယာကဏ္ဍဘာသာရပ်ကိုလည်းကောင်း၊ သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက အခြေခံသတင်းစာပညာ၊ အချက်အလက်စုဆောင်းခြင်း၊ စာနယ်ဇင်းဆိုင်ရာ ကျင်းဝတ်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ဆန်းစစ်ခြင်းများဖြင့် မေလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ သင်တန်းသား/သင်တန်းသူ (၁၇)ဦးတို့အား ( ၃) ရက် ကြာသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(ခရိုင်၊ပြန်/ဆက်)