လသာမြို့နယ် အမှတ်(၆)ရပ်ကွက်တွင် ဂျပန်ဦး‌နှောက်ရောင်ကာကွယ်ဆေး ထိုးနှံ​ပေး

လသာ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ဂျပန်ဦး‌နှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းကို အမှတ်(၆)ရပ်ကွက်တွင် မေလ ၂၃ ရက်နေ့ နံနက် (၉)နာရီအချိန်က ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

အဆိုပါ ဂျပန်ဦး‌နှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်နှင့် သူနာပြုဆရာမများက ဦး​ဆောင်၍ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးများပူး​ပေါင်း၍ ပါဝင်​ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ကာကွယ်​ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်းရပ်ကွက်များမှ အသက် ၁ နှစ်မှ ၅ နှစ်အောက် ကြိမ်​ရေမပြည့်​သေးသည့် က​လေးငယ်များအား ဆက်လက်ထိုးနှံ​ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)