ပုဇွန်တောင် မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များ ဗလငါးငါးတန်ဖွံဖြိုးတိုးတက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်ရည်ရွယ်၍မေလ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြ ဆရာမကြီး ရွှေယဉ်နု(ပညာရေး)က သင်တန်းပို့ချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ Basic Grammar သင်တန်းတွင် ထူးချွန်သင်တန်းသူများကို ပထမ၊ ဒုတိယ၊ တတိယဆုများအား သင်တန်းနည်းပြ ဆရာမကြီး ရွှေယဉ်နု(ပညာရေး)က ချီးမြှင့်ပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က သင်တန်းနည်းပြဆရာမကြီးအား ဂါရဝပြုလက်ဆောင်ပေးအပ်ခဲ့ပြီးနောက် အခမ်အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် Basic Grammar သင်တန်း(အခမဲ့)ကို ၁၂-၅-၂၀၂၅ ရက်မှ ၂၃-၅-၂၀၂၅ ရက်နေ့အထိ ဆယ်ရက်တိုင် သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်