သုံးခွမြို့နယ် အခြေခံပညာကျောင်းများတွင်  ကျောင်းအပ်နှံ​​ခြင်းစတင်လက်ခံ

သုံးခွ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံ​ခြင်းစတင်လက်ခံခြင်းကို မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 သုံးခွမြို့နယ်အတွင်းရှိ အ‌‌ခြေခံပညာသင်ကျောင်းများ၏ KG-တန်းမှ Grade-12တန်းထိ မူလတန်းအလယ်တန်း၊ အထက်တန်း၊ ကျောင်းပေါင်း (၁၄၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ စုစုပေါင်း(၁၅၄)ကျောင်းတို့၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်နှံခြင်း စတင်လက်ခံခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်ရာတွင် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ(အခမဲ့)ထောက်ပံ့ပေးလျက်ရှိသည်။ ကျောင်အပ်နှံလက်ခံခြင်းကို မေ ၂၂ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ ပိတ်ရက်မရှိ လက်ခံပေးသွားမှာဖြစ်ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်