သင်္ဃန်းကျွန်း မေ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၁၃ ရက်နေ့ နံနက်(၉)အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သပြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားကို အထက(၁)သင်္ကန်းကျွန်းမှ အထက်တန်း ကျောင်းသား၊ကျောင်းသူလေးများက ကျောင်းသွားကြစို့သီချင်းနှင့် တေးသရုပ်ဖော်တင်ဆက်ကာ အခမ်းအနားကို ဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထလာချုန်းက၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးအခမ်းအနားနှင့်ပတ်သက်ပြီး အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသော အခြေခံပညာအထက်တန်း၊ အလယ်တန်း ၊ မူလတန်း ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ဘော့ပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးထလာချုန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲဝင်များနှင့် တာဝန်ရှိသူအသီးသီးမှ ပေးအပ်ခဲ့ကြသည်။
သင်္ဃန်းကျွန်းမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်အခြေခံပညာ ကျောင်းပေါင်း (၄၅)ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
သင်ဃန်းကျွန်း(ပြန်/ဆက်)